အောက်တိုဘာ ၁၀၊ The Nation Voice
ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်အတွင်းမှာ စကစရဲ့အဓိက စီးပွားရေးဖြစ်တဲ့ တပ်ထုတ်ကုန်တွေကိုရောင်းချနေတဲ့ ဆိုင်တွေကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF)က ဒီကနေ့ အောက်တိုဘာ(၁၀) ရက်မှာ သတိပေးစာထုတ်ပြန်လာပါတယ်။ ပုသိမ်မြို့နယ်အတွင်းမှာ စကစရဲ့အဓိကထုတ်ကုန်ရောင်းချနေတဲ့ ဆိုင်တွေအနေနဲ့ မြန်မာဘီယာနဲ့ တခြားတပ်ထုတ်ကုန်တွေကို မရောင်းချဖို့နဲ့ တပ်ထုတ်ကုန်အစားထိုး အခြား ကုန်ပစ္စည်းတွေရောင်းချဖို့ သတိပေးထားပါတယ်။
တပ်ထုတ်ကုန်တွေကိုရောင်းချနေတာဟာ စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ထောက်ပံ့နေတယ်လို့ယူဆရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာထုတ်ပြန်တဲ့ ရက်ကစပြီး ( ၁ )လအချိန်ရမှာဖြစ်ကာ သတ်မှတ်ချိန်ကျော်လွန်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့စာကိုလိုက်နာဆောင်ရွက်ခြင်းမရှိရင် မိမိတို့တာဝန်သာ ဖြစ်ပြီး စကစကို အဓိကပံ့ပိုးနေတဲ့ဆိုင်အဖြစ် အမည်ပျက်စာရင်းသွင်းကာ ထိရောက်စွာအရေးယူမယ်လို့ ဖော်ပြထားပါတယ်။
အခုလက်ရှိမှာတော့ PSTF အဖွဲ့ ပုသိမ်မြို့အတွင်း စကစထုတ်ကုန်အဓိကရောင်းချနေတဲ့ ဆိုင်(၁၀)ဆိုင်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ထုတ်ပြန်ချက်ဟာတပ်ထုတ်ကုန်တွေရောင်းချနေတဲ့ ဆိုင်အားလုံးနဲ့ သက်ဆိုင်တယ်လို့အထူးသတိပေးထားပါတယ်။


