ဗိုလ်ချုပ်အုန်းသွင် (ငြိမ်း) နဲ့ သားမက်တို့ရဲ့ ဖုန်းတွေကို သိမ်းဆည်းလာလို့ စစ်တပ်ရဲ့အချက်အလက်တွေ ရရှိ

အောက်တိုဘာ ၁၀၊ The Nation Voice

စစ်တပ်ရဲ့အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် နဲ့ သားမက်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို INYA Urban Force က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ စက်တင်ဘာလ (၂၄) ရက်နေ့က အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့တဲ့ စစ်ကောင်စီထောက်တိုင် ဗိုလ်ချုပ်ဟောင်းအားကို သူရဲ့နေအိမ်ရှေ့မှာပဲ ရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့လက်ကိုင်ဖုန်းတွေကို ဩစတျေးလျနိုင်ငံသို့ လုံခြုံစွာပို့ဆောင်ခဲ့ကာ အိုင်တီပညာရှင်တွေရဲ့ အကူအညီနဲ့ ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ထိုသူတို့နဲ့ ဆက်စပ်နေတဲ့ စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်တို့ရဲ့ အချက်အလက်တွေကို ရယူပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

ထိုအချက်အလက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ ဖြန့်ဝေသွားမှာဖြစ်ပြီး လိုအပ်တဲ့ mission တွေ ကိုလည်းဆက်လက်အကောင်ထည်ဖော်သွားမှာဖြစ်တယ်လို့ INYA Urban Force က ကြေညာပါတယ်။ ဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက်တို့ ရှင်းလင်းခံလိုက်ရတဲ့နေ့မှာပဲ လုပ်ကြံသူတွေကို CCTV ကနေတဆင့် ခြေရာခံကာ ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေက ပြောဆိုခဲ့ပေမယ့် ယနေ့အချိန်အထိ IRF အဖွဲ့သားတွေ ဘေးကင်းပြီး အခုလိုခြေရာခံနိုင်တဲ့ ဖုန်းတွေကိုလည်း ယူဆောင်လာနိုင်တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *