အောက်တိုဘာ ၁၀၊ The Nation Voice
မကွေးတိုင်း၊မြိုင်နယ်အနောက်ပိုင်း ဝက်ပုတ်ကျေးရွာမှာတပ်စွဲထားတဲ့ စကစတပ်ကို မနေ့ကသီတင်းကျွတ်လပြည့်နေ့ညမှာသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင်က သတင်းထုတ်ပြန်ပါတယ်။
ဝက်ပုတ်ကျေးရွာက စကစအဖွဲ့ဝင်တွေနဲ့နှစ်နာရီကျော်ကြာအောင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့တွေဘက်က လက်နက်ကြီးအချက်ရေ(၂၀၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစတပ်သားတွေရဲ့ အသေးစိတ်အခြေအနေကို အခုအချိန်အထိ အတိအကျမသိရသေးတာကြောင့် အသေးစိပ်ကိုထပ်မံ ထုတ်ပြန်သွားပါမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင်နဲ့အတူ တခြားမဟာမိတ်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့ကာ ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
