ဟားခါးက ရဲတပ်သား လက်နက် (၂)လက်နဲ့အတူ CDF ဆဲန်ထန်ဆီကို လာရောက်ပူးပေါင်း

အောက်တိုဘာ ၁၀၊ The Nation Voice

ချင်းပြည်နယ်၊ဟားခါးမြို့မ ရဲစခန်းက ရဲတပ်သား မောင်နီမန်ဟာ လက်နက် (၂)လက်ယူလာပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ်-ဆဲထန်(CDF-Senthang)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရဲဘော် မောင်နီမန်ဟာ အောက်တိုဘာ ၈ရက်နေ့မှာ လက်နက်(၂)လက်၊ ကျည်တွေနဲ့ လာရောက်ခဲ့တာဖြစ်ပြီး ရန်သူ့လက်နက်ကို ပြည်သူ့ထံ တစ်ချက်ခုတ် နှစ်ချက်ပြတ်နဲ့ စွမ်းစွမ်းတမံ ယူဆောင်လာတဲ့အပေါ် လေးစားဂုဏ်ပြုကြောင်း CDF ဆဲန်ထန်က ဖော်ပြထားပါတယ်။

ရဲတပ်သားကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုငွေ ကျပ်သိန်း (၁၀၀)ပေးအပ်ကာ လုံခြုံရာကို ပို့ဆောင်ပေးပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အရင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့အတူ CDF-ဆဲန်ထန်ဆီကို လာရောက်ပူးပေါင်းခဲ့တဲ့ ဖြစ်စဉ်အချို့ရှိခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *