ဂန့်ဂေါတွင် PDF အယောင်ဆောင် ပျူစောထီး နှစ်ဦး ဖမ်းမိ

အောက်တိုဘာ ၁၁၊ The Nation Voice

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်းရန်ကျေးရွာဘက်ကိုလာတဲ့ PDF အယောင်ဆောင် ပျူစောထီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ အောက်တိုဘာ (၁၀) ရက်၊ နေ့လယ်ပိုင်းက PDF ယူနီဖောင်းပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ကာ ခလရ (၅၀)မှ မြောက်ခင်ရန်းဘက်ကိုလာစဥ် PDF စစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ ဆိုပါတယ်။

” ထိုပျူစောထီး နှစ်ဦးသည် သီတင်းကျွတ် အခါသမယ အခါကြီးရက်ကြီးနေ့ကို အခွင့်ကောင်းယူကာ PDF ယူနီဖောင်း ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ကာ မြောက်ခင်ရန်းသို့ ပြန်လာစဥ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စစ်ဆေးရေးဂိတ်မှ တားဆီးကာ စစ်ဆေးကြည့်ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည် ” လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြပါတယ်။ ယခုရက်ပိုင်းတွေမှာ သီတင်းကျွတ်ကာလဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်ရဲဘော်များအား မိဘဆွေမျိုးများထံ ခေတ္တပြန်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *