တန့်ဆည်မြို့ အရှေ့ကြောမှာ လမ်းသွားလမ်းတွေကိုရမ်းကားနေတဲ့ စကစစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ TPC အဖွဲ့ထုတ်ပြန်

အောက်တိုဘာ ၁၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အရှေ့‌ကြောမှာ လမ်းသွားလမ်းလာပြည်သူတွေကို ဆက်ကြေးကောက်ကာရမ်းကားနေတဲ့ စကစစ်ကြောင်းကို ဒီကနေ့မှာမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ Taze People’s Comrades အဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။ တန့်ဆည်မြို့အရှေ့ကြောကနေ တန့်ဆည်မြို့ဘက်ကိုအင်အား(၈၀)ပါစကစစစ်ကြောင်း ပြန်လာချိန် အင်ကြင်းပင်တောရကျောင်း တောင်ဘက် မူးတံတားပေါ်မှာ စကစတပ်သားတွေ တစုတစည်းတည်းရှိနေချိန်မှာ TPC အထူးဖောက်ခွဲရေး မိုင်းတပ်စိတ်က ထောင်ထားတဲ့မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစတပ်သား(၁၀)ဦးခန့်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းဖရဲသီးကနေတစ်ဆင့်သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ “သီတင်းကျွတ် အထူးလက်ဆောင်အနေနဲ့ မုန့်ဟင်းခါး ဆယ်ပွဲလောက် တစ်ခါတည်း ချက်ပြုတ်နိုင်ခဲ့ပြီး ပရိုမိုးရှင်းအနေနဲ့ ခြေပြတ် လက်ပြတ်များ အတော်လေးများသည်ဟု နီးစပ်ရာ အတွင်းဖရဲသီးကနေတဆင့် သိရှိရပါတယ်”လို့ TPCအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခုလက်ရှိမှာ ဒဏ်ရာရစကစတပ်သားတွေနဲ့သေဆုံးအလောင်းတွေကို တန့်ဆည်မြို့အတွင်း ပြန်လည်သယ်ဆောင်သွားပြီး TPC အဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *