မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ စကစယာဉ်တန်းကို ပြင်းအားမြင့်ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

အောက်တိုဘာ ၁၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကကျေးရွာတွေဖြစ်တဲ့ ညောင်ကားယားကျေးရွာနဲ့ပန်းညို ကျေးရွာတို့ကို ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီးပြီး မီးရှို့ပြန်လာတဲ့ (၁၂)စီးပါ စကစယာဉ်တန်းကို မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MGN35 ပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ မနေ့က နေ့လည်(၁၂)နာရီလောက်မှာ (၁၂)စီးပါစကစယာဉ်တန်းကို မန္တလေးအပြန် မြင်းခြံ၊နဘူးအိုင် ကားလမ်းပိုင်းမှာ MGN35 ပြောက်ကျားတပ်က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ပြင်းအားမြင့်ပဒေသာမိုင်း(၅)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ကား(၂)စီးပေါ်ပါလာတဲ့ စကစတပ်သား(၆)ဦးသေဆုံးပြီး(၂)ဦးပြင်းထန်ဒဏ်ရာရကာ (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဖရဲသီးသတင်းအရ သိရတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စကစတပ်သားတွေကို မြင်းခြံ ခလရ(၁၅)အတွင်းကို ခေါ်ဆောင်သွားကြောင်းသိရပြီး MGN35 ပြောက်ကျားတပ်ဖွဲ့ ကရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *