မွန်အဖွဲ့အစည်း (၁၁) ဖွဲ့ ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီက စစ်ခေါင်းဆောင်နဲ့သွားတွေ့

အောက်တိုဘာ ၁၁၊ The Nation Voice

စစ်ကောင်စီနဲ့ ထပ်မတွေ့ဖို့ မွန်အဖွဲ့အစည်း (၁၁)ဖွဲ့ က ကန့်ကွက်တားမြစ်ခဲ့ပေမယ့် မွန်ပြည်သစ်ပါတီ(NMSP) ကတော့ နေပြည်တော်ကို မနေ့ကသွားရောက်ပြီး စစ်ခေါင်ဆောင်နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တဲ့အဖွဲ့အစည်းတွေက မွန်ပြည်သူလူထုကို ကိုယ်စားမပြုဘဲ ထပ်မံမတွေ့ဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပေမယ့် မွန်ပြည်သစ်ပါတီ(NMSP) ကတော့ စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ဖို့ မွန်အဖွဲ့အစည်းတွေအပြင် ပြည်သူတွေကပါ မတက်ရောက်သင့်ဘူးဆိုတဲ့ အကြောင်းကို လဂွန်းအိမ်စာစဉ်က စစ်တမ်းတစ်ခု ကောက်ယူရာမှာလည်း (၉၀) ရာခိုင်နှုန်းကျော်က မတက်ဖို့ သဘောထားရှိတယ်လို့လည်း သိရပါတယ်။ အဲဒီသဘောထားကို မျက်ကွယ်ပြုပြီး မွန်ပြည်သစ်ပါတီ(NMSP) ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကတော့ စစ်ကောင်စီအဖွဲ့နဲ့ တွေ့ဆုံကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ NMSP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ မွန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *