အောက်တိုဘာ ၁၂၊ The Nation Voice
စစ်ကောင်စီတပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာပြီး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ ကရင်နီ ပြည်သူ့ရင်ခွင်က အသိပေးထုတ်ပြန်ပါတယ်။
တပ်မ(၆၆) လက်အောက်ခံ ခမရ(၄) က တပ်သား လွင်မိုးသူဟာ အောက်တိုဘာ ၁၁ရက် မှာ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ သူ့ကို ကျပ်သိန်း(၆၀)ပြန်လည် ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်သား အများအပြား CDM ပြုလုပ်လျက်ရှိပြီး တချို့က စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်မယ်လို့ အသိပေးထားပါတယ်။
ကရင်နီဒေသမှာ ၂၀၂၁ မေလကနေ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိပါတယ်။ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
