KNDF/B-14 ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်ပြီဖြစ်ပြီးပြည်သူလူထုနဲ့အတူ ရပ်တည်ကာ အာဏာရှင်ကိုအမြစ်ပြတ်ချေးမှုန်းသွားမယ်လို့ပြော

အောက်တိုဘာ ၁၂၊ The Nation Voice

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF/B-14 ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဒီ‌ကနေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

KNDF/B-14 တပ်ရင်းဟာ လူငယ်တွေနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့တပ်ရင်းတစ်ခုဖြစ်ပြီး လူငယ်တွေအနေနဲ့ အခုလို စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်ရတဲ့အလုပ်ဟာ လူတိုင်းမလုပ်နိုင်တဲ့အရာ၊လုပ်ခွင့်မရတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ပေးဆပ်နေရတယ်လို့မခံယူဘဲ ဂုဏ်ယူသင့်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ရတဲ့အထိ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေအပြင်ပြည်သူလူထုနဲ့ပါ တစ်သားတည်ရပ်သွားမှာဖြစ်ပြီး KNDF သစ္စာအဓိဌါန် (၅)ချက်နဲ့အညီ အာဏာရှင်ကို အမြစ်ပြတ်ချေးမှုန်းသွားမှာဖြစ်တယ်လည်း ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိမှာ KNDF/တပ်ရင်း-(၁၄) အနေနဲ့ လိုအပ်ချက်များစွာရှိနေပေမဲ့ ကရင်နီပြည်ရှိပြည်သူလူထုကသာ သဘောတူညီမည်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတစ်ခုတည်ထောင်နိုင်ဖို့ တခြားတိုင်းရင်းသားတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *