အောက်တိုဘာ ၁၃၊ The Nation Voice
ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဉ်ဟာ PDF တွေက အကြောင်းမဲ့တိုက်ခိုက်တာဖြစ်ပြီး ယာယီသမ္မတက စစ်ကောင်စီကို အနားပေးလို့မရတော့ဘူးလို့ ကြေညာပြီးတဲ့နောက် ယခုဖြစ်စဉ်ဖြစ်ပေါ်လာတာလို့ ဇော်မင်းထွန်းက သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့်ပြောဆိုလိုက်ပါတယ်။ ယမန်နေ့ မွန်းလွဲပိုင်းမတိုင်ခင်က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရဲတစ်ဦး ဒဏ်ရာရရှိပြီး၊ ပြည်သူ (၃) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် ကျိုက်ထိုဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေကို သထုံ PDF အနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိဘဲ စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်ပြီးမှသာ စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေဖြစ်ကုန်တာလို့ သထုံ PDF ကပြောဆိုထားပါတယ်။ ယခင်ကလည်း ကျိုက်ထိုမြို့မှာ ပစ်ခတ်ပေါက်ကွဲမှု့တွေဖြစ်ရင် ကျိုက်ထိုမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သူတို့ပြုလုပ်တဲ့အကြောင်းကို ထုတ်ပြန်ပေးလေ့ရှိပြီး ပြည်သူလူထုကို အကြောင်းမဲ့တိုက်ခိုက်တာမျိုးမရှိခဲ့ဘဲ စစ်ကောင်စီရဲ့ပစ်မှတ်တွေကိုပဲ တိုက်ခိုက်ခဲ့တာပါ။
ယခုပစ်ခတ်မှုဟာ PDF (၁၂) ဦးက ကားတစ်စီးနဲ့ရောက်ရှိလာပြီး အကြောင်းမဲ့ပစ်ခတ်သွားတာလို့ ဇော်မင်းထွန်းက စွပ်စွဲထားပြီး ပြည်သူလူထုအနေနဲ့လည်း PDF နဲ့ NUG ကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့ သွေးထိုးလှုံ့ဆော်ထားပြီး အမျိုးဘာသာ သာသနာကိုလည်း တိုက်ရိုက် ထိပါးစော်ကားတာလို့လည်း မဘသ ဘုန်းကြီးတွေလို ပြောဆိုခဲ့ပါသေးတယ်။
