မြိုင်မြို့နယ်၊ကျောက်ခွက်ရေနံမြေက စကစတပ်စခန်းကို စစ်မျက်နှာ (၃)ခုကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တိုက်ခိုက်

အောက်တိုဘာ ၁၃၊ The Nation Voice

မကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းက စကစတပ်စခန်းကို အောက်တိုဘာ(၁၁) ရက်နေ့က ဒေသခံပူးပေါင်းတပ်ဆယ်ဖွဲ့ကျော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ BlackGod ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၁)ရက် ညနေ(၅)နာရီခန့်အချိန်မှာ ကျောက်ခွက်ရေနံမြေ Well 2 အတွင်းက စစ်ကောင်စီအထိုင်ချစခန်းကို ဒေသခံပူးပေါင်းတပ်တွေက စစ်မျက်နှာ(၃)ခုကနေ လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် အော်တိုသေနတ်တွေနဲ့ပါ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စကစဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေအပါအဝင် စက်သေနတ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး (၁)နာရီခွဲခန့်ကြာအောင် အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေအထိအခိုက် အကျအဆုံးရှိနိုင်ပြီး အတိအကျသိရချိန်မှာ ထပ်မံတင်ပြပေးသွားမယ်လို့ BlackGod ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ BlackGod ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ အခြားမဟာမိတ်ပူးပေါင်း(၁၀)ဖွဲ့‌ကျော်တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ‌သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *