မွန်ပြည်နယ်၊ပေါင်မြို့နယ်က ပျူအဖွဲ့တွေကို အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်(၂)ဦးသေဆုံး

အောက်တိုဘာ ၁၃၊ The Nation Voice

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊အလှပ်ရွာက ပျူစောထီးအဖွဲ့တွေကို အောက်တိုဘာလ(၁၀)ရက်နေ့က “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ အောက်တိုဘာ(၁၀)ရက်‌ ညနေ (၆)နာရီလောက်မှာ အလှပ်ရွာက ပျူအဒွေးနဲ့ ငမိုးခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးပျူအဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့ကာ ပျူခေါင်းဆောင်(၂)ဦးကိုသုတ်သင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

မြေပြင်သတင်းပေးပို့ချက်အရ သုတ်သင်ခဲ့တဲ့ပျူခေါင်းဆောင်တွေဟာ လူငယ်တွေကိုမတရားဖမ်းဆီးနှိပ်စက်​​တာ၊ မိသားစုတွေဆီက ငွေကြေးတောင်းခံတာနဲ့ လောင်းကစားဒိုင်တွေဖွင့်လှစ်ပြီးတရားမဝင် အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်းသိရတယ်လို့ ဖော်ပြထားပါတယ်။ စစ်ဆင်ရေးအတွင်းမှာ မစ်ရှင်သွားရောက်လုပ်ဆောင်ခဲ့တဲ့ S.O.F တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိကြပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ဟာ စက်တင်ဘာ(၁၄)ရက်နေ့တုန်းကလည်း ရန်ကုန် – ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာက လက်နက်ကိုင်ပြီး ပြည်သူကိုအကြမ်းဖက်နေတဲ့ ပျူစောထီးခေါင်းဆောင် စိုးအောင်နဲ့အဖွဲ့ဝင်(၃)ယောက်ကိုလည်း ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့သေးတယ်လို့သိရပါ‌တယ်။

Leave a Reply

Your email address will not be published. Required fields are marked *