အောက်တိုဘာ ၁၄၊ The Nation Voice
ပြည်သူများပံ့ပိုးငွေ ကျပ်သိန်း (၁,၈၀၀)ကျော်နဲ့ ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးနိုင်ခဲ့ပြီလို့ မကွေးတိုင်း၊ ပခုက္ကူပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာ (၁၄) ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ ပံ့ပိုးသူတွေထဲမှာ ပခုက္ကူမြို့မှ လုပ်ငန်းရှင်ကြီးတချို့ရဲ့ ပံ့ပိုးငွေ ကျပ်သိန်း (၁,၂၀၀)၊ ပြည်သူများ စုပေါင်းကူညီငွေ ကျပ်သိန်း (၆၀၀)ခန့်အပါအဝင် စုစုပေါင်း ကျပ်သိန်း (၁,၈၀၀)ဖိုးခန့် တပ်ဆင်ထားနိုင်ပြီလို့ ဆိုပါတယ်။
” ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (ဗဟို) မှပြည်သူများ ၏ လှူဒါန်းကူညီမှူဖြင့် ဖြည့်တင်းနိုင်ခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် အထောက် အကူပြု ဆက်စပ်ပစ္စည်းများအား လှူဒါန်းသူမိဘပြည်သူများ မုဒိတာပွားနိုင်ရန်နှင့် ထပ်မံလိုအပ်သည့် လိုအပ် ချက်များအား ဆက်လက်ကူညီဖြည့်စွက်နိုင်ရန် ထုတ်ပြန်ပြသခြင်းဖြစ်ပါသည် ” လို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေးအတွက် လှူဒါန်းကူညီပေးမှုအား ကျေးဇူးအထူးတင်ရှိကြောင်း၊ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး အောင်ပွဲခံနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(ဗဟို)က ကတိသစ္စာပြုထားပါတယ်။








