လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အာဏာရှင်ဆန့်ကျင်ရေး သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုဟု KNU သဝဏ်လွှာပို့

အောက်တိုဘာ ၁၄၊ The Nation Voice

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ရဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးမှာ ပါဝင်ခဲ့တဲ့ သမိုင်းဖြတ်သန်းမှုကို လေးစား အသိအမှတ်ပြုတယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU)က ဒီကနေ့ အောက်တိုဘာ (၁၄) ရက်မှာ ကျရောက်တဲ့ DPNS ပါတီထူထောင်ခြင်း (၃၄) နှစ်မြောက်နေ့မှာ သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။

DPNS ဟာ ၁၉၉၁ ခုနှစ်ကစပြီး KNU ရဲ့ မိတ်ဖက် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ကာ ပြည်သူလူထု လိုလားတဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်အောက်မှ အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု – DAB၊ အမျိုးသားကောင်စီ – NCUB စတဲ့ နိုင်ငံရေး လှုပ်ရှားမှု အသီးသီးမှာ အခက်အခဲ အကြပ်အတည်း ပေါင်းများစွာကို အန်တု ရင်ဆိုင် ကျော်ဖြတ်ရင်း တက်ကြွစွာ ပါဝင်ခဲ့သလို၂၀၂၁ အာဏာရှင်ချုပ်ငြိမ်းရေးဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာလည်း ဦးဆောင်မှု အခန်းကဏ္ဍမှ တက်ကြွစွာ ဆက်လက်ပါဝင်တိုက်ပွဲ ဝင်နေတဲ့ သမိုင်းဖြတ်သန်းမှု ရှိခဲ့တဲ့အပေါ် KNUက အခုလို အသိအမှတ် ပြုကြောင်း ဖော်ပြခဲ့တာပါ။

ဒီမိုကရေစီရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရုန်းကန်မှုမှာ ဘ၀နဲ့ အသက်တွေ ပေးဆပ်ခဲ့ကြတဲ့ တိုက်ပွဲဝင် ပါတီဝင်တွေကို ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း KNU ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။ DPNS အနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် မပြီးဆုံးသေးတဲ့ တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်သွားဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *