ဂန့်ဂေါမြောက်ပိုင်းကို တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို YDF တပ်ရင်း(၂)က (၆၀)မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၁၆၊ The Nation Voice

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းကို တက်လာတဲ့ အင်အား(၁၉၀)ပါ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းစစ်ကြောင်းကို မနေ့က အောက်တိုဘာ(၁၅)ရက်မှာ ယောကာကွယ်ရေးတပ် – YDF တပ်ရင်း(၂)က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂန့်ဂေါမြောက်ပိုင်းကိုတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းစစ်ကြောင်းကို YDF တပ်ရင်း(၂)က မနေ့က ည(၁၀)နာရီကျော်လောက်မှာ (၆၀)မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်‌ကောင်စီတပ်သားနဲ့ ပျူစောထီးတွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ မကွေးတိုင်းထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီဘက်က ဒေသခံကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်တာတွေကို လုက်ဆောင်လျှက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *