လောင်းလုံးနယ်မှာ လက်နက်ကိုင်ရမ်းကားနေတဲ့ ပျူတစ်ဦးကို PDFတွေက ပစ်ခတ်ရှင်းလင်း‌

အောက်တိုဘာ ၁၆၊ The Nation Voice

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ကထောင်းနီကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ထွန်းနိုင်ဆိုသူကို မနေ့က အောက်တိုဘာ(၁၅)ရက်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီ‌ကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့က ညနေ(၅)နာရီ‌ကျော်လောက်မှာ လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့ ပျူထွန်းနိုင်ဆိုသူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး သူ့ဆီကနေ ငွေ သုံးထောင်ကျပ်၊ တူးမီး တစ်လက်၊ လက်ရိုက်တုတ် တစ်ချောင်း၊ W“ဆေးပြား(၂၄)ပြားနဲ့ ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပျူထွန်းနိုင်ဆိုသူဟာ စစ်ကောင်စီကပေးတဲ့ ပျူစောထီးသင်တန်းဆင်းတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားကာ ထင်ရာပစ်ခတ်၊ ခြိမ်းခြောက်တတ်သူတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး စစ်ကောင်စီရဲ့လက်ကိုင်တုတ်သတင်းပေးသူလျှိုတွေနဲ့ ပျုစောထီးတွေကို အလျဉ်းသင့်သလို ခြေမှုန်းသုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး အမြန်ဆုံးအသိတရားရ အလင်းဝင်ပေးကြရန် ထပ်လောင်း နိုးဆော် သတိပေးလိုက်တယ်လို့ လောင်းလုံးမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *