Lion Battalion ရဲ့ ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူးတို့ မြို့ပြစစ်ဆင်ရေး အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်နေ

အောက်တိုဘာ ၁၆၊ The Nation Voice Lion Battalion

ရဲ့ ဗျူဟာမှူး ဗိုလ်ကြီးအယ်ဆေးဝါး နဲ့ စစ်ကြောင်းမှူး ဗိုလ်စောလားတို့က မြို့ပြ စစ်ဆင်ရေးအမြန်ဆုံးပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ပါတယ်။ ” ခေါင်းဆောင်ပိုင်းတွေက သူတို့ပေးဆပ်ခဲ့ရတာတွေကို မငဲ့ကွက်ဘဲ မိဘပြည်သူအပေါ် သစ္စာရှိစွာနဲ့ ဒီတော်လှန်ရေးအမြန်ဆုံးအောင်မြင်နိုင်ရန်နှင့် ပြည်သူ့အာဏာ ပြည်သူပြန်လည် ရရှိရန် အကောင်းဆုံးကြိုးစားအားထုတ်နေပါတယ် ” လို့ Lion Battalion က သူတို့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

အောက်တိုဘာလ (၁၈) ရက်နေ့မှာလည်း မတူညီတဲ့ပုံဖော်မှူ‌တွေနဲ့ မြို့ပြစစ်ဆင်‌ရေးအတွက် လိုအပ်နေတဲ့ သေနတ်ပမာဏကို ဖြည့်ဆည်းနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးစားလျက်ရှိတယ်လို့လည်း ဆိုပါတယ်။ Lion Battalion ဟာ ဗျူဟာမှူး ဗိုလ်ကြီးအယ်ဆေးဝါးရဲ့ဦးဆောင်မှုနဲ့အတူ စစ်ကောင်စီတပ်တွေကို အထိနာအောင်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လက်နက်တွေကိုလည်း သိမ်းပိုက်ရရှိနေတဲ့အဖွဲ့ လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *