အောက်တိုဘာ ၁၇၊ The Nation Voice
မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေခြေရှုပ်နေတာကြောင့် လမ်းအသုံးပြုခြင်းကို ဒီကနေ့မှာ ခေတ္တ ယာယီပိတ်ထားလိုက်ပြီလို့ Peace Takers Task Force-PTTS က သတင်းထုတ်ပြန်ပါတယ်။ ကျန်းမာရေးအရေးပေါ်အခြေနေကလွဲပြီး လမ်းအသုံးပြုခြင်းကို ရှောင်ရှားကြဖို့လည်း အသိပေးထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ အနီးမနေကြဖို့နဲ့ ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာ၊ ခြုံခိုကြားဖြတ်တိုက်ခိုက်တာတွေအပြင် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်နေကြပါတယ်။ PPTS အဖွဲ့ဟာ အောက်တိုဘာ(၁၃)ရက်နေတုန်းကလည်း မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကား(၃)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား (၁၅)ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
