အောက်တိုဘာ ၁၇၊ The Nation Voice
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ အောက်တိုဘာ(၁၅)ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Dawei Defense Team(D.D.T)က အသိပေးထုတ်ပြန်ပါတယ်။
အောက်တိုဘာ(၁၅)ရက် မနက်(၈)နာရီလောက်မှာ ထားဝယ်မြို့နယ်အတွင်းက အညာဖျားရွာတစ်နေကို အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့သတင်းပေးချက်အရ (D.D.T)အဖွဲ့နဲ့အတူ အခြားမဟာမိတ် ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး နေ့လယ် (၁၂)ခွဲအချိန်လောက်မှာ သတင်းရရှိတဲ့နေရာကို သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
သွားရောက်ရှင်းလင်းရာမှာ အဲဒီစစ်ကြောင်းကို မတွေ့တာကြောင့် ပူးပေါင်းအဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီနောက် ညနေ(၄)နာရီဝန်းကျင်အချိန်ခန့်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ မိနစ်(၃၀)ခန့်ကြာအောင် ကြားခဲ့ရပြီး အဲဒီပစ်ခတ်မှုဟာ (D.D.T)အဖွဲ့ကြားသိရတဲ့ သတင်းတွေအရ အကြမ်းဖက်စစ်သားတွေ အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။
နောက်တစ်နေ့ စက်တင်ဘာ(၁၆)ရက် မနက်(၆)နာရီကျော်လောက်မှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာကို ဝင်ရောက်ရှင်းလင်းမှုပြုလုပ်ခဲ့တဲ့အခါ အကြမ်းဖက်စစ်သားတွေက အပြစ်မဲ့ပြည်သူနေအိမ်(၆)လုံးကို ဖျက်စီးမွှေနှောက်သွားကာ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူးသွားကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။
