အောက်တိုဘာ ၁၇၊ The Nation Voice
မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်(ပျူ)ရွာက အကြမ်းဖက်စစ်သားတွေကို မနေ့က အောက်တိုဘာ(၁၆)ရက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့က ည(၁၀)နာရီလောက်မှာ သရက်ကန်(ပျူ)ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပူးပေါင်းတပ်တွေက လက်လုပ်လက်နက်ကြီး (၆၀)မမ၊ (၈၀)မမ၊ (၁၀၀)မမ၊( ၁၂၀)မမတွေနဲ့ အချက်ရေ (၂၀၀) ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သရက်ကန်(ပျူ)ရွာထဲက အကြမ်းဖက်စစ်တပ် နေထိုင်ရာနေရာတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ အကြမ်းဖက်စစ်သား (၅) ဥိီးအထိ သေဆုံးခဲ့ကြောင်း သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နဲ့အတူ အခြားမဟာမိတ်ပူးပေါင်းတပ်(၁၅)ဖွဲ့ကျော်တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
