လွတ်မြောက်နယ်မြေမှာ ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ ဟားငါးကောင် လူရွှင်တော်တိုင်းကျော်

အောက်တိုဘာ ၁၇၊ The Nation Voice

ဟားငါးကောင် အဖွဲ့ဝင် လူရွှင်တော် တိုင်းကျော်ဟာ ဒီ‌ကနေ့ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သူ့ချစ်သူနဲ့ လက်ထပ်ပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” တော်လှန်ရေးနယ်မြေမှာ သူမကို ကျနော် တစ်ဘဝလုံးပေးအပ်လိုက်ပါပြီ ” လို့လည်း လူရွှင်တော်တိုင်းကျော်က ပြောပါတယ်။

KNU ​​ကော်သူး​လေနယ်​​မြေမှာ လက်ထပ်ပွဲကို အကျဥ်းရုံးစီစဥ်ကျင်းပခဲ့တာဖြစ်တယ်လို့ ကိုရဲမင်း(ACC)ကလည်း အသိပေးထားပါတယ်။

ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် တိုင်းကျော်နဲ့ မသဲသုတတို့ရဲ့ မင်္ဂလာပွဲကို ဟားငါးကောင် လူရွှင်တော်အဖွဲ့ဝင်တွေအပြင် ကိုရဲမင်း(ACC)၊ ဆိုင်းဆရာ ဖိုးသင်္ကြန်နဲ့ ဟားငါးကောင်အဖွဲ့ရဲ့ အငြိမ့်မင်းသမီး ဆောင်းဝတီတို့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *