အောက်တိုဘာ ၁၇၊ The Nation Voice
United State, Indiana ပြည်နယ်၊ Fort Wayne မြို့မှာ ကျင်းပြတဲ့ Hobnobben Film Festival ပွဲမှာ What Happened to the Wolf? ရုပ်ရှင်ဟာ Narrative Feature Category အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

What happened to the Wolf ရုပ်ရှင်ကားဟာ Hobnobben Film Festivalမှာ Finalist နောက်ဆုံးနှစ်ကားစာရင်းအဖြစ် ရွေးချယ်ခံခဲ့ရကာ အောက်တိုဘာလ (၁၆)ရက်နေ့က Narrative Feature Category အကောင်းဆုံးဆုကို ရရှိခဲ့တာပါ။ What Happened to the Wolf?” ရုပ်ရှင်ကို North America Premiere အဖြစ် မနေ့ အောက်တိုဘာ (၁၆)ရက်နေ့က ပါဝင်ပြသခဲ့သလို United States, Indiana ပြည်နယ် Fort Wayne မြို့မှာ ကျင်းပခဲ့တဲ့ Hobnobben Film Festival တစ်ခုလုံးရဲ့ Closing Night Film အဖြစ်လည်း ပြသခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့ မနက်ခင်းအကြောင်းရိုက်ထားတဲ့ မြန်မာရုပ်ရှင်ကား An affair in one February Morning (Short Film) နဲ့ Journey of a Bird (Documentary Short) တို့ဟာလည်း Hobnobben Film Festival မှာ ရွေးချယ်ခံခဲ့ရပါသေးတယ်။

“What happened to the wolf?”ရုပ်ရှင်ကားဟာ ဂျာမဏီနိုင်ငံရဲ့ Oldenburg International Film Festival မှာ Official Competitation အတွက် ရွေးချယ်ခြင်းခံရပြီး World Premiere အဖြစ်ပြသခဲ့ရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်သလို Hobnobben Film Festival မှာ Narrative Feature Category အကောင်းဆုံးဆုကိုရရှိခဲ့တာပါ။ What Happened to the Wolf? ရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး မင်းသမီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊ အောင်မြင့်မြတ်နဲ့ ကျော်ထက်အောင်တို့က အဓိကပါဝင် သရုပ်ဆောင်ထားခဲ့ကြတာဖြစ်ပါတယ်။
