ခန္တီးအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား (၆)ဦးထက်မနည်း ထောင်ဖောက်ထွက်ပြေး

အောက်တိုဘာ ၁၈၊ The Nation Voice

စစ်ကိုင်းတိုင်း ခန္တီးအကျဥ်းထောင်မှာ ဒီကနေ့ အောက် တိုဘာ (၁၈9 ရက်နေ့မနက်ပိုင်းက ထောင်ဖောက်ထွက်ပြေးမှုတစ်ခုရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ အကျဥ်းထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ အခုနှစ် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက လက်နက်မှုနဲ့ ဖမ်းဆီးခံရသူ (၂) ဦးနဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခံရတဲ့ KPDF ရဲဘော် (၄)ဦး အသီးသီးပါဝင်တယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အ တည်ပြုပါတယ်။

” စက်တင်ဘာ (၁) ရက်နေ့က အဖမ်းခံရတဲ့ KPDF (၄) ဦး၊ (၆) လပိုင်း‌လောက်က လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့ (၂) ဦးပါသွားတယ်လို့တော့ ကြားထားပါတယ် ” လို့ ခန္တီး (ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။ အခုလက်ရှိ ထွက်ပြေးလွတ်မြောက်သူတွေထဲမှာ လက် နက်ရသွားသူတွေလည်းရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ထွက်ပြေးလွတ်မြောက်သူဦးရေဟာ (၁၀) ဦးခန့်ရှိတယ်လို့ ပြောဆိုကြပေမယ့် ဒီအပေါ် The Nation Voice အနေနဲ့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ခန္တီးအကျဥ်းထောင် ဖောက်ထွင်းခံရပြီး အကျဥ်းသားတွေထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က ပိုက်ဆိတ်တိုက်ရှာဖွေတာတွေပြုလုပ်နေတာကြောင့် လွတ်မြောက်လာသူတွေကို တွေ့ရှိပါက ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အကူအညီပေးကြဖို့ တော် လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *