အောက်တိုဘာ ၁၉၊ The Nation Voice
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို မနေ့ကအောက်တိုဘာ (၁၈) ရက်မှာ ဒေသခံတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KNDF/B-06 က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့က မနက် (၆) နာရီလောက်မှာ သေးဆူးလဲရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့တွေက စနိုက်ပါနဲ့ပ စ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး KNDF/B-06 ရဲ့ စနိုက်ပါ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်သော်လည်း ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ KNDF/B-06၊ KNDF/B-05၊ KA၊ အလယ်ပိုင်းတိုင်း PDF နဲ့ KRU တို့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ကရင်နီ(ကယား)ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပူးပေါင်းကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေပါတယ်။
