အောက်တိုဘာ ၁၉၊ The Nation Voice
အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ မိုးဗြဲ PDF MBPDF၊ တပ်ရင်း(၂) က အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ (၁၅) ရက်နေ့က အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရန်အတွက် ခံယူချက်၊ စိတ်အားထက်သန်စွာနဲ့ နိုင်ငံသားစိတ်ဓာတ် အပြည့်ရှိတဲ့ ရဲဘော်အသစ်တွေကို (၇)ရက်တာ အခြေခံသင်တန်းအတွင်း အခြေခံလိုအပ်တဲ့ စိတ်ဓာတ်၊ စစ်ရေးလေ့ကျင့်မှု၊ ကိုယ်ကာယကြံံ့ခိုင်မှုနဲ့ တိုက်ခိုက်ရေးနည်းပညာတွေကို အထူးသင်တန်းပေး လေ့ကျင့်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် MBPDF B-02 ဟာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဖြုတ်ချနိုင်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။







