ရေဦးကထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး အနည်းဆုံး(၇)ဦးသေ

အောက်တိုဘာ ၁၉၊ The Nation Voice

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို အောက်တိုဘာ (၁၇) ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး (၇) ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၇)ရက် မနက်ပိုင်းက ရေဦးကနေထွက်လာတဲ့ စစ်အုပ်စုကို သရက်ပင်စုကျေးရွာနဲ့ အင်တိုင်းရွာကြားအရောက်မှာ SSTF(MRDA ခွဲ-ခင်ဦး)နဲ့ LGRFအဖွဲ့တို့က ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က အနီးပတ်ဝန်းကျင်‌ကို ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး အနည်းဆုံး အကြမ်းဖက်စစ်သား (၇) ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့်
ဒေသခံ အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး SSTF(MRDAခွဲ-ခင်ဦး)ဆေးတပ်ဖွဲ့က ဆေးကုသပေးလျှက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *