အောက်တိုဘာ ၂၀၊ The Nation Voice
မကွေးတိုင်း၊ ဆော-ဆိပ်ဖြူလမ်းပိုင်းကို ဒီကနေ့ အောက်တိုဘာ(၂၀)ရက်နေ့မှာ လမ်းလုံခြုံရေးအခြေနေအရ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လောင်းရှည် LSRPDF က ထုတ်ပြန်ကြေညာပါတယ်။
ဆော-ဆိပ်ဖြူလမ်းပိုင်း ပြန်လည်သွားလာခွင့်ကို LSRPDF က ကြေညာချက်မထုတ်ပြန်မချင်း သွားလာခြင်းမပြုလုပ်ကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။ အကယ်၍ ကြေညာချက်ကို ဂရုမပြုဘဲ ဆော-ဆိပ်ဖြူလမ်းပိုင်းကို အသုံးပြုဖြတ်သန်းသွားလာမည်ဆိုရင် LSRPDF အနေနဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မှာမဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။
