အောက်တိုဘာ ၂၀ The Nation Voice
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ က ဒီနေ့ အောက်တိုဘာ (၂၀) ရက်၊ မနက်(၂)နာရီမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲစခန်းဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု (၁၇)မိနစ်ကျော် ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရရှိမှု ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုရဲ့ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို ထပ်မံ အတည်ပြုစုံစမ်းနေပြီးတော့ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်တွေအနေနဲ့အကြမ်းဖက်စကစတပ်ဖွဲ့ကို တိုက်ခိုက် ချေမှုန်းသွားမယ်လို့လည်း ကြေညာထားပါတယ်။
