အောက်တိုဘာ ၂၀၊ The Nation Voice
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထံက ရရှိလာတဲ့ အစိတ်အပိုင်းအချို့ပျက်စီးနေတဲ့ သေနတ်နဲ့ လက်နက်ကြီးအချို့ကို ပြန်လည်ပြင်ဆင်ပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မယ်လို့ People Soldiers’ Team က အသိပေးလာပါတယ်။ မူလ ထုတ်လုပ်လျက် ရှိတဲ့ project တွေကို ကြိုးစား လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပြီး PDF ၊ LPDF ၊ ပကဖ နဲ့ UG အဖွဲ့တွေကို မိမိတို့တတ်မြောက်ထားသော ပညာ၊ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းက ကူညီအားဖြည့် နိုင်ဖို့အမြဲ ကြိုးစားလျက်ရှိတယ်လို့ဆိုပါတယ်။
အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ERO အဖွဲ့အစည်းတွေထံက အစိတ်အပိုင်းအချို့ ပျက်စီးယိုယွင်းနေတဲ့ မောင်းပြန်ရိုင်ဖယ် နဲ့ လက်နက်ကြီးအချို့ကို ကောင်းမွန်စွာ တိုက်ပွဲ၀င် အသုံးပြုနိုင်တဲ့အထိ ပြုပြင် ပြင်ဆင်နေတယ်လို့ အသိပေးထားပါတယ်။ မကြာမီ အချိန်အတွင်း အမှန်တကယ်လိုအပ်ရှားပါးနေတဲ့ ၊ Operation တွေ ဖော်ဆောင်လျက်ရှိတဲ့ အဖွဲ့တွေကို ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မိမိတို့အဖွဲ့နဲ့ အနီးစပ်ဆုံးရှိပြီး လိုအပ်နေတဲ့ အဖွဲ့တွေကို အရင်ပေးအပ်နိုင်မှာဖြစ်ပြီး ကျန်အဖွဲ့တွေကိုလည်း ကူညီနိုင်ဖို့ကြိုးစားပေးမယ်လို့လည်း ဆိုပါတယ်။
