ကော့ကရိတ်မှာ မြို့သိမ်းတိုက်ပွဲစတင် ၊အကြမ်းဖက်စစ်တပ် ကလေကြောင်းနဲ့ပါတိုက်ခိုက်

အောက်တိုဘာ ၂၁၊The Nation Voice

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီကနေ့မနက်(၇)နာရီကျော်လောက်ကစပြီး စကစနဲ့ ဒေသခံပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေကြောင်း ကနဦးသတင်းတွေအရ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး စကစဘက်က ကော့ကရိတ်မြို့အတွင်းကို ဝေဟင်ကကော မြေပြင်ကနေပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှူတွေပြုလုပ်နေပါတယ်။

စကစရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့အတွင်း‌ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၁) သေဆုံး၊(၂)ဦးဒဏ်ရာရရှိကာ အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။

တိုက်ပွဲအတွင်း ကော့ကရိတ်မြို့နယ်၊ဝန်ထမ်းအိမ်ယာက ဝန်ထမ်းတွေလည်း အဖမ်းခံရသူတွေရှိနေတယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတာကိုတော့ The Nation Voice အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *