အောက်တိုဘာ ၂၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် တောပုကျေးရွာကနေသောင်းကြမ်းဖို့ထွက်လာတဲ့ အင်အား(၂၅)ဦးပါ ပျူစောထီးအဖွဲ့ကို မနေ့က အောက်တိုဘာ(၂၀)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dragon Brothers PDF ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတောပုရွာကထွက်လာတဲ့ ပျူအဖွဲ့ဝင်တွေဟာ တောပုရွာအနောက်ဘက် ဘုဘနဲ့ညောင်ဖြူပင်ဘက် အနီးအနားကကျေးရွာတွေကို သောင်းကြမ်းဖို့ပြင်ဆင်နေစဉ်မှာ ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဝင်(၅)ဦးပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပြီး (၁)ဦးမှာ (စိုးရိမ်ရ)အခြေအနေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ပျူအဖွဲ့ဝင်တွေရဲ့ သေဆုံးမှုအခြေအနေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Dragon Brothers PDFနဲ့အတူ KUG-တပ် ဗန္ဓုလတပ်နှင့်အဖွဲ့သားများတပ်ခွဲ(၁)၊ Farmers Revolution Force-3 မုံရွာခရိုင်တပ်ရင်း_(၁၀)တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
