မြင်းမူမြို့နယ်အတွင်းမှာ အကြမ်းဖက် စကစတပ်(၂)ကြိမ်မိုင်းခွဲခံရပြီး (၇)ဦးသေဆုံး

အောက်တိုဘာ ၂၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်းက အကြမ်းဖက်စကစတပ်ကို (၂)ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား(၇)ဦးသေဆုံးခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ကည(၇)နာရီကျော်လောက်မှာ မြင်းမူမြို့မရဲစခန်းမှာ အရက်ထိုင်သောက်နေတဲ့ အကြမ်းဖက်စကစတပ်သားတွေကို ပူးပေါင်းအဖွဲ့တွေက လျှက်ဆားပုလင်းမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင်(၃)ဦး သေဆုံးသွားကြောင်းဖော်ပြထားပါတယ်။

အဲ့ဒီ‌နောက် ဒီကနေ့မနက်(၅)နာရီဝန်းကျင်လောက်မှာတော့ မြင်းမူအထက်တန်းကျောင်းမှာတပ်စွဲနေတဲ့ စကစရဲ့ကင်းဂိတ်ကို ပူးပေါင်းအဖွဲ့တွေကလျှက်ဆားပုလင်းမိုင်းနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစဘက်က(၄)ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ “မစ်ရှင်က (၂)ခုပါ မနေ့ကနဲ့ဒီမနက်ပေါ့၊ မစ်ရှင် (၂)ခု မှာ(၇)ကောင် ကျတယ်လို့စုံစမ်းရသလောက် သိရပါတယ်”လို့ ZERO ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ပူးပေါင်းအဖွဲ့တွေဘက်က ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စကစဘက်က အနီးပတ်ဝန်း‌ကျင်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းကိုလည်း သူကပြောပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်တပ်ရင်း(၇)၊ ZERO ပြောက်ကျားတပ်ဖွဲ့နဲ့အတူ တပ်ရင်း(၇)ရဲ့ တပ်ခွဲ TRUE FIGHTER အဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *