အောက်တိုဘာ ၂၂၊ The Nation Voice
ကရင်နီ(ကယား)ပြည်နယ်အတွင်းမှာ ကရင်နီတပ်မတော် ( Karenni Army-KA) က အပတ်စဉ်(၇၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီကနေ့ အောက်တိုဘာလ (၂၂)ရက်နေ့မှာ ကျင်းပြုလုပ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။ အဲ့ဒီသင်တန်းကို ဩဂုတ်လထဲကစတင်ခဲ့တာဖြစ်ပြီး အချိန်ကာလ(၃)အကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ဒီကနေ့မှာသင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့ သိရပါတယ်။












