မင်းအောင်လှိုင်လက်ထက်မှာ Sex Doll အရုပ်တွေ နတ်ဖြစ်လာ၊ ရွှေတိဂုံဘုရားမှာ သိဒ္ဓိတင်

အောက်တိုဘာ ၂၂၊ The Nation Voice

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ Sex Doll အရုပ်တွေကို ရွှေတိဂုံဘုရားမှာ သိဒ္ဓိတင်တာတွေပြုလုပ်ခဲ့ပြီး နတ်အဖြစ်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရုပ်မ နှစ်ခုကိုလောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီးလို့ဆိုကာ ရွှေတိဂုံဘုရားမှာ မယ်တော်ရုပ်လို့ သမုတ်ပြီး သိဒ္ဓိတင်တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ရွှေတိဂုံဘုရားဖူးလာရောက်သူတွေက ဆိုပါတယ်။

အဲဒီအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သိဒ္ဓိတင်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ လူမှု့ကွန်ယက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် ပြည်သူတွေကြားဝေဖန်မှုတွေ မြင့်တင်လာခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်မှုကို ရွှေတိဂုံဘုရားမှာရှိတဲ့ ဘုရားဂေါပကနဲ့ လုံခြုံရေးတွေက ခွင့်ပြုပေးထားပြီး အမျိုးဘာသာ၊ သာသနာစောင့်ရှောက်မယ်ဆိုတဲ့ မင်းအောင်လှိုင်လက်ထက်မှာ အဆိုပါလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် လှောင်ပြောင်ရီမောစရာထက် မပိုခဲ့ပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *