အောက်တိုဘာ ၂၄၊ The Nation Voice
စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားလာနိုင်တာကြောင့် မုံရွာ -မြင်းမူ -မန္တလေး လမ်းမကြီးနဲ့ ထီးဆောင်း – အရာတော်လမ်းမကြီး (၂)ခုကို ဒီကနေ့မနက်(၈)နာရီကျော်ကစပြီး ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ပြီဖြစ်ကြောင့် Myin Mu Defense Force က အရေးပေါ်သတင်းထုတ်ပြန်ပါတယ်။ လမ်းမကြီး(၂)ခုကို ဘယ်သူတစ်ဦးတစ်ယောက်မျှဖြတ်သန်းသွားလာခွင့်မပြုကြပါရန်နဲ့ လမ်းပြန်ဖွင့်အချိန်ကို ကြေညာထပ်ချက်ထပ်ထုတ်ပေးမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
အရေးပေါ်ကြေညာချက်ကို အများပြည်သူတွေသိအောင် မျှဝေပေးကြဖို့ကိုလည်းမေတ္တာရပ်ခံထားပါသေးတယ်။ မုံရွာ -မြင်းမူ -မန္တလေး လမ်းမကြီးနဲ့ ထီးဆောင်း – အရာတော်လမ်းမကြီးပေါ်မှာ အကြမ်းဖက်စကစကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊လက်က်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်၊မိုင်းဆွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်လျှက်ရှိနေပါတယ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
