အောက်တိုဘာ ၂၄၊ The Nation Voice
မြင်းမူကနေ စစ်ကိုင်းဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့ အကြမ်းဖက်စကစရဲ့ ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီကနေ့မနက်(၁၀)နာရီဝန်းကျင်လောက်မှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စကစရဲ့ ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ထီးဆောင်းနဲ့ ကံဖျားရွာအကြား၊ပေ(၂၀၀၀)အကွာခန့်ကနေ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စကစအဖွဲ့ဝင်(၁)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်မှုကိုတော့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့နဲ့အတူ GTR(မြင်းမူ)အဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။ ပစ်ခတ်မှုမဖြစ်ပွားခင် စစ်ကိုင်းတိုင်း၊ မုံရွာ – မြင်းမူ – မန္တလေးလမ်းနဲ့ ထီးဆောင်း-အရာတော်လမ်းလမ်းမကြီး(၂)ခုကို ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသခံပူးပေါင်းတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
