အောက်တိုဘာ၂၄၊ The Nation Voice
ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့ လှည်းကူးအုပ်စုမှာ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒီနေ့မနက် က သုတ်သင်ခဲ့တယ်လို့ Paungde People Defense Force-PPDF ကထုတ်ပြန်ပါတယ်။ အုပ်ချုပ်ရေးမှူးဇော်၀င်းဆိုသူဟာ စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တာကြောင့် ဒီနေ့မနက်မှာ သေနတ်နဲ့(၁၁)ချက်ပစ်ပြီးသုတ်သင်ခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီ စစ်ဆင်ရေးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ တပ်ခွဲ(၁) ရိုးမရာဇာအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရဲဘော်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပေါက်ခေါင်းမြို့နဲ့ ပေါင်းတည်မြို့ဟာ နယ်မြေချင်းထိစပ်လျက်ရှိပြီး ဒေသခံ PDF တွေ အားကောင်းရာဒေသတွေဖြစ်သလို ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားရာနယ်မြေလည်းဖြစ်ပါတယ်။ ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ အကြမ်းဖက်စကစရဲ့ ဒေါက်တိုင်အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေ အမြန်ဆုံးနှုတ်ထွက်ကာ ပြည်သူ့တော်လှန်ရေးမှာပူးပေါင်းပါဝင်ကြဖို့ကို တိုက်တွန်းထားပြီး မပါဝင်ရင် အကြမ်းဖက်စကစရဲ့ဒေါက်တိုင်အုပ်ချုပ်ရေးမှူးတွေကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါသေးတယ်။
