ဖားကန့်မြို့က က အနန့်ပါ ဟာ KIAစခန်းမဟုတ်ဘူးလို့ဗိုလ်ချုပ်ဂွမ်မော်က မင်းအောင်လှိုင်ဆီစာပို့၊အားလုံးရဲ့ဝမ်းနည်းကြေကွဲမှုနဲ့မျက်ရည်တွေဟာတန်းဖိုးမဖြတ်နိုင်တဲ့ရင်းနှီးမှုတွေဖြစ်လာမှာပါ လို့ပြောဆို

အောက်တိုဘာ၂၆၊ The Nation Voice KIA

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ Anang Pa အနန့်ပါ ဟာ KIA စခန်းမဟုတ်ကြောင်း ဒီနေ့မှာသူ့ရဲ့ လူမှုကွန်ယက်ကတစ်ဆင့်ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ဟာ သူရဲ့လူမှုကွန်ယက်မှာ မင်းအောင်လှိုင်ဆီကိုပေးပို့တဲ့ စာနဲ့အတူ အနန့်ပါရဲ့ဓာတ်ပုံတွေမြေပုံတွေကိုဖော်ပြထားပါတယ်။ မင်းအောင်လှိုင်ဆီ ပေးပို့တဲ့ စာထဲမှာ “ANang Pa ( အနန့်ပါ ) ဆိုတာ KIA စခန်းမဟုတ်ပါ။ခရီးသွားများ ခေတ္တနားကြသော ဈေးဆိုင်တန်းစခန်းငယ်လေးသာဖြစ်ပါသည်။”လို့ ရေးသားထားပါတယ်။ ဒါ့အပြင် အားလုံးရဲ့ဝမ်းနည်းကြေကွဲမှုနဲ့မျက်ရည်တွေဟာတန်ဖိုးမဖြတ်နိုင်တဲ့ရင်းနှီးမှုတွေဖြစ်လာမှာပါ လို့လည်းစာရဲ့နောက်ဆုံးအပုဒ်မှာရေးသားထားပါသေးတယ်။

မင်းအောင်လှိုင် ရဲ့ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ၂၃ရက်နေ့က ဖားကန့်မြို့ KIO (၆၂)နှစ်ပြည့် အထိမ်းအမှတ် ပွဲ ပြုလုပ်နေရာ ကို လေယာဥ်(၃)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူ (၈၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *