အောက်တိုဘာ ၂၅၊ The Nation Voice
မကွေးတိုင်း၊မင်းဘူးမြို့နယ်ထဲက အကြမ်းဖက်စကစရဲ့ ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ရက်ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ မင်းဘူးမြို့နယ်၊မန်းသံပုရာကန်ကနေ မန္တလေးအထိသွယ်တန်းထားတဲ့ MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို အောက်တိုဘာ (၂၂)ရက် ည(၈)နာရီကျော်လောက်မှာ တစ်ကြိမ်၊အောက်တိုဘာ( ၂၃)ရက် နေ့လည်(၃)နာရီ ဝန်းကျင်လောက်မှာတစ်ကြိမ် စုစုပေါင်းဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
“စကစအတွက် အကြီးမားဆုံးဒေါက်တိုင်တစ်ခုဖြစ်နေလို့ ကျွန်တော်တို့ ဖောက်ခွဲ လိုက်ရခြင်းဖြစ်သလို ၊စကစ ကိုအထောက်ကူပြုနေတဲ့ ဘယ်ဒေါက်တိုင် ကိုမဆို သတိပေးနေမှာမဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်”လို့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့အတူ ညီနောင်မဟာမိတ်အဖွဲ့ဖြစ်တဲ့ MGN 35 ပြောက်ကျားတပ်ဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


