မြိုင်နယ်အရှေ့ပိုင်းကို အကြမ်းဖက်စကစကအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့်စစ်ရေးအခြေအနေအရ ပခုက္ကူ – မြိုင် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်

အောက်တိုဘာ ၂၅၊The Nation Voice

မကွေးတိုင်း၊မြိုင်နယ်အရှေ့ပိုင်းကို အကြမ်းဖက်စကစကအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးအခြေအနေအရ ပခုက္ကူ – မြိုင် ကားလမ်းမကြီးကို ဒီကနေ့ အောက်တိုဘာ(၂၅)ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့်ကိုယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ထုတ်ပြန်ပါတယ်။ လမ်းပြန့ဖွင့်မယ့်ရက်ကို ထပ်မံ ထုတ်ပြန်ပေးမှာဖြစ်ပြီး သတင်းမထုတ်ပြန်မခြင်း လုံးဝ(လုံးဝ)ဖြတ်သန်းခွင့်မပြုဖို့ကို ဖော်ပြထားပါတယ်။ စည်းကမ်းမလိုက်နာဘဲ ကိစ္စတစ်စုံတစ်ရာဖြစ်မယ်ဆိုရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။ အခုလက်ရှိမှာ အကြမ်းဖက်စကစတပ်တွေဟာ ဝက်ကျကျေးရွာအနောက်ဘက် ပခုက္ကူ-မြိုင် လမ်းမကြီးပေါ်မှာ ယာယီဂိတ်ဖွင့်ပြီး စစ်ဆေးနေကြတယ်လို့ လည်း ထုတ်ပြန်ချက်မှဖော်ပြထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *