မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းကကျဆုံးသွားတဲ့ရဲဘော်သီဟနေစိုးအတွက် အမိန့်ပြန်တမ်းနဲ့ဂုဏ်ပြုအခမ်းအနားကျင်းပ

အောက်တိုဘာ ၂၅၊ The Nation Voice

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အဖွဲ့အစည်းကကျဆုံးသွားခဲ့တဲ့ ရဲဘော်သီဟနေစိုးကို မနေ့ကမနက်ပိုင်းမှာ အမိန့်ပြန်တမ်း ရွတ်ဖတ်ခြင်းနဲ့ဂုဏ်ပြုအလေးပြုခြင်းအခမ်းအနားကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရဲဘော်သီဟနေစိုးဟာ အောက်တိုဘာ (၁၇)ရက်နေ့ ညနေပိုင်း(၄)နာရီလောက်မှာ ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်း ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအပြန်မှာအကြမ်းဖက်စကစနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့တာဖြစ်ပါတယ်။

ရဲဘော်သီဟနေစိုး(ခ)တိုဘီ (ခ)ကိုအဂ္ဂဟာ ရေးမြို့နယ်ရဲ့ သပိတ်ဦးဆောင်သူ တစ်ယောက်အဖြစ်လည်းကောင်း လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တစ်ဦးအဖြစ် လည်းကောင်း ရဲဝင့်စွာ တော်လှန်တိုက်ပွဲ ဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်းက တော်လှန်ရေးအတွက် ရဲရင့်ပြောင်မြောက်စွာ အသက်ပေးလှူ ခဲ့တဲ့ ရဲဘော်သီဟနေစိုး ကျဆုံးတဲ့နေ့ကို အဖွဲ့အစည်းရဲ့ အာဇာနည်နေ့အဖြစ် လည်းကောင်း ၊ အဖွဲ့အစည်းရဲ့ အာဇာနည်ရဲဘော်တစ်ဦးအဖြစ်လည်း ဂုဏ်ပြုမော်ကွန်းတင်အပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *