ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သားတွေအတွက် ရိက္ခာလာပို့တဲ့ကားကို စကာပေါက်ဖြစ်အောင် ပစ်ခတ်တိုက်ခိုက်၊သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးယောက်သေ

အောက်တိုဘာ ၂၆၊ The Nation Voice

အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုရဲ့ တပ်ရင်း (၁)၊ တပ်ခွဲ (၃) မှ God Of Monywa People Defence Force_GPDF နဲ့ သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရိက္ခာလာပို့တဲ့ စစ်တပ်ရဲ့ကားကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

God Of Monywa People Defence Force-GPDF နဲ့ သပြေညိုပြောက်ကျားတပ်ဖွဲ့တို့ဟာ မနေ့က မုံရွာ – အရာတော်လမ်းပိုင်းတစ်နေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ရိက္ခာလာပို့တဲ့ MR(2) ကားကို Point ရှေ့တည့်တည့်အရောက်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ MR(2)ကား ဟာ ရှေ့ဆက် မမောင်းနိုင်တော့ဘဲ Point နေရာမှာပဲ ထားခဲ့ရပြီး အဲဒီကားပေါ်က သုံးပွင့်ဗိုလ်တစ်ဦးအပါဝင် နောက်လိုက်စစ်သားတွေ စုစုပေါင်း (၃) ဦးသေဆုံးပြီး နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဆိုပါတယ်။

တခြားနေရာမှာဝပ်နေတဲ့ ကင်းပုန်းစစ်သားတွေဟာ စစ်ဆင်ရေးရဲဘော်တွေကို ဝေးလံတဲ့ နေရာထိ လိုက်လှံပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *