မုံရွာကနေ အရာတော်ဘက်ကိုဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက်စကစရဲ့ကား တိုက်ခိုက်ခံရပြီး အနည်းဆုံး(၁၀)ဦးသေ

အောက်တိုဘာ ၂၆၊ The Nation Voice စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက်စကစရဲ့ကားကို မနေ့က အောက်တိုဘာ(၂၅)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း God Of Monywa People Defence Forceက သတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်ပိုင်းလောက်က မုံရွာ-အရာတော်လမ်းပိုင်းတစ်နေရာမှာ အရာတော်ဘက်ကိုထွက်လာတဲ့အကြမ်းဖက် စကစ ကားကို ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း(၄)လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် ကားထိုးရပ်သွားခဲ့ပြီး အကြမ်းဖက်စကစတပ်သားတွေဘက်က (၃)ဦးသာပြန်လည်ပစ်ခတ်မှုပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စကစဘက်က (၁၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တပ်တွင်းဖရဲသီးရဲ့ သတင်းပေးပို့ချက်အရသိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း (၁)၊ တပ်ခွဲ (၃) God Of Monywa People Defence Force & Red Eagle People Defence Force နဲ့အတူမဟာမိတ်တွေဖြစ်တဲ့ ပုဏ္ဏကပြောက်ကျား၊ Danger Force LPDF တို့ကအတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ပုံအ​​ဟောင်းအသုံးပြုထားခြင်းဖြစ်သည်
ပုံအ​​ဟောင်းအသုံးပြုထားခြင်းဖြစ်သည်

ပုံအ​​ဟောင်းအသုံးပြုထားခြင်းသာဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *