အောက်တိုဘာ ၂၆၊ The Nation Voice
မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်းက အကြမ်းဖက်စကစအဖွဲ့ဝင် ထောင်မှူးကျေးရွာအုပ်စု နယ်ထိန်းရဲ အောင်ဝင်းထွန်းဆိုသူကို မနေ့ကသုတ်သင်ရှင်းလင်းလိုက်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့က ည(၆)နာရီဝန်းကျင်လောက်မှာ နယ်ထိန်းရဲ အောင်ဝင်းထွန်းဆိုသူဟာ ဈေးမသွယ်ရွာ၊ဘီယာဆိုင်မှာ ဘီယာသောက်နေချိန် PDF တွေကဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နယ်ထိန်းရဲ အောင်ဝင်းထွန်းဟာ လမ်းဘေးဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီထည့်မယ်ဆိုရင် ဆိုင်ရှင်ကိုပိုက်ဆံမပေးပဲ ထည့်လေ့ရှိသူဖြစ်ပြီး ဆီလိုင်စင်လုပ်ရရင် ဒီထက်ပိုကုန်မယ်လို့ ခြိမ်းခြောက်ပြောဆိုတက်သူ တစ်ဦးဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် သထုံမြို့နယ်၊ဈေးမသွယ်ရွာက အကြမ်းဖက်စကစခန့် အုပ်ချုပ်ရေးမှူးကိုလည်း အခုတစ်ပတ်အတွင်း နှုတ်ထွက်ပေးဖို့ ထုတ်ပြန်ချက်မှာသတိပေးထားပါတယ်။
