အောက်တိုဘာ ၂၇၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် တောပု(ပျူစောထီး)ရွာထဲက အကြမ်းဖက်စကစအဖွဲ့ဝင်တွေကို မနေ့က အောက်တိုဘာ(၂၆)ရက်နေ့မှာ လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Aung San Force – A.S.F က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။
မနေ့က ည(၁၀)နာရီလောက်မှာ တောပုပျူရွာထဲကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးကျည် အချက်ရေ(၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ကာကင်းယူထားတဲ့ PDF ရဲဘော်တွေနဲ့ ပျူစောထီးကင်းသမားတွေ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စကစဘက်က အထိအခိုက်တွေရှိနိုင်ကာ အတိအကျကိုတော့မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင် တပ်ရင်း (၅) Aung San Force – A.S.F နဲ့အတူ Dragon Brothers’ People Defense Force ၊ CKDF ၊ Special Guerilla Force ၊ SRA ၊ The Brightness Monywa ၊ ဆရာချစ်နှင့် ညီနောင်များ အဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်


