မြောင်အမျိုးသမီးစစ်သည်တော်တပ်(၁)နှစ်ပြည့်အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့

အောက်တိုဘာ ၂၇၊ The Nation Voice

မြောင်အမျိုးသမီးစစ်သည်တော်တပ်(M2W)ရဲ့ (၁)နှစ်ပြည့်အခမ်းအနားကို မနေ့ကအောက်တိုဘာ(၂၆)ရက်နေ့မှာ ‌အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က အဖွင့်အမှာစကားပြောခဲ့ပြီး တော်လှန်ရေးခေါင်းဆောင်တွေ၊အဖွဲ့ကတာဝန်ကတာဝန်ရှိသူတွေနဲ့ ‌တော်လှန်ရေးရဲဘော်တွေတက်ရောက် ဂုဏ်ပြုပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

” အမျိုးသမီးစစ်သည်တော်တပ် တစ်ခု ဖြစ်လာဖို့ အတိုက်အခိုက်တွေ၊ အတားအဆီးတွေ၊ သွေးထိုးမှုတွေကို အန်တုရင်း ဟောဒီနှစ်ချီကြာလာတဲ့ နွေဦးတော်လှန်ရေးမှာ အညာမြေအောင်နိုင်ရေးအတွက် ညီနောင် မဟာမိတ် တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ် “လို့ မြောင်အမျိုးသမီးစစ်သည်တော်တပ်က ထုတ်ပြန်ပြောဆိုထားပါတယ်။

မြောင်အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့(M2W)ဟာ လက်လုပ်မိုင်းတွေကို အဓိကထားထုတ်လုပ်နေတဲ့ စစ်ကိုင်းတိုင်းအ‌ခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တစ်ခုတည်းသော အမျိုးသမီးတပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။ M2W တပ်ဖွဲ့အနေနဲ့ အညာတော်လှန်ရေးသမိုင်းမှာ ခရီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားဦးမှာဖြစ်တယ်လို့လည်း အသိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *