အောက်တိုဘာ ၂၇၊ The Nation Voice
စစ်ကိုင်းတိုင်း၊ယင်းမာပင်-ဆားလင်းကြီးဒေသမှာ ဗကသကျောင်းသားတွေက ဒီကနေ့ အောက်တိုဘာ(၂၇)ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲမှာ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဖိနှိပ်ခံတောင်သူလယ်သမားတွေ၊ ကျောင်းသားပြည်သူတွေပါဝင်ပြီး “အဖိနှိပ်ခံတို့ ညီညွတ်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ”ဆိုတဲ့ စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။









