ရခိုင်က ဆင်ဖြူကို မင်းအောင်လှိုင်တို့အုပ်စု နေပြည်တော်ကို အဓမ္မသယ်ယူ

အောက်တို့ဘာ ၂၇၊ The Nation Voice

ရခိုင်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဆင်ဖြူလက္ခဏာ (၈) ချက်နဲ့ပြည့်စုံတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က သတ်မှတ်ထားတဲ့ ဆင်ပေါက်ကလေးနဲ့ မိခင် ဆင်မကြီးကို မင်းအောင်လှိုင်တို့အုပ်စုက နေပြည်တော်ကို ယူဆောင်သွားပြီလို့ သိရပါတယ်။

အဲဒီ ဆင်ဖြူကို နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးထံကို ယူဆောင်သွားတာဖြစ်တယ်လို့ စစ်တပ်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

အာဏာသိမ်းပြီးတဲ့ ပေါ်ပေါက်ခဲ့တဲ့ အဲ့ဒီဆင်ဖြူကို အကြောင်းပြုပြီး မင်းလောင်းပေါ်ပေါက်တဲ့အတွက် လိုက်ဖက်ညီတဲ့ ဆင်ဖြူရတနာပေါ်ထွန်းတာဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေက မြှောက်ပင့်ပေးခဲ့တာကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့အုပ်စုက ရခိုင်ကနေ နေပြည်တော်အထိ ယူဆောင်သွားခဲ့တာပါ။

စစ်အစိုးရအဆက်ဆက် ဆင်ဖြူတော်တွေပေါ်ပေါက်တယ်ဆိုတယ်ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ဆင်တွေကို နိုင်ငံရေးအသုံးချခံအဖြစ်လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သန်းရွှေလက်ထက်မှာလည်း ဆင်ဖြူတော်ပေါ်ပေါက်ခဲ့ပြီး ရန်ကုန်မြို့ မင်းဓမ္မဥယျာဉ်မှာ ထားရှိခဲ့ပေမယ့် ယခုအခါ အဲဒီဆင်ဖြူဟာ တစ်နေရာထဲသာ ဖြူနေတာကို တွေ့ရတယ်လို့ ဒေသခံတို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *