ယင်းမာပင်၊ဘန့်ဘွေးကျေးရွာက အကြမ်းဖက်စကစအဖွဲ့ဝင်တွေကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၂၈၊ The Nation Voice

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် မြောက်ဘက်ခြမ်း ဘန့်ဘွေးကျေးရွာက အကြမ်းဖက်စကစအဖွဲ့ဝင်တွေကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Special Reginal Attacks Force (Monywa)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် (၅)နာရီကျော်လောက်ကနေ မနက်(၆)နာရီကျော်လောက်ထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက်စကစအဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းအဖွဲ့တွေဘက်က လက်နက်ကြီးမှာ လက်လုပ်ပြောင်းဖြစ်တာကြောင့် ပြောင်းကွဲပြီး SRAF(Monywa)အဖွဲ့က PDF ရဲဘော်တစ်ဦး လက်အနည်းငယ်နဲ့ခြေထောက်အနည်းငယ် (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ SRAFအဖွဲ့နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ Shadow ၊သံမဏိ Force(MPDF)တပ်ခွဲ Kani Revolution Force နဲ့ အခြားဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာ(၂၇) ရက်နေ့က ပုလဲမြို့နယ်မှာ အကြမ်းဖက်စကစက ဝေဟင်ကိုအသုံးပြုပြီး ဒေသခံညီနောင်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာကြောင့် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *